ဝါတွင်း ကာလတွင် နေ့ထူးနေ့မြတ် အခါတော်နေ့ အခမ်းအနား များနှင့် ရိုးရာ ယဉ်ကျေးမှု ပွဲတော်များ ကျင်းပသွားမည်
ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့မှ ကြီးမှူး ကျင်းပမည့် ရွှေတိဂုံ စေတီတော်၏ ၁၃၇၅ ခုနှစ် ၀ါဆို ရွှေကြာသင်္ကန်း ကပ်လှူ ပူဇော်ပွဲ၊ ၀ါတွင်းသီလ ခံယူပွဲနှင့် ဓမ္မစကြာ အခါတော်နေ့ အခမ်းအနား များကို ဇူလိုင် ၂၂ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါနေ့ နံနက် ၅ နာရီတွင် ရွှေတိဂုံ စေတီတော် ကြီးကို ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်းနှင့် သစ်သီးဆွမ်း ဆက်ကပ်ခြင်းကို ရင်ပြင်တော် တောင်ဘက်မုခ်ရှိ ဧည့်ခံ တန်ဆောင်း၌ လည်းကောင်း၊ နံနက် ၆ နာရီတွင် ဂေါပက အဖွဲ့ဝင်များ ဦးဆောင်၍ ဘာသာရေး အသင်း အဖွဲ့ဝင်များ၊ ၀န်ထမ်းများ စုစည်း ပါဝင်လျက် အခမ်းအနား အဆောင်အယောင် များဖြင့် ၀ါဆို ရွှေကြာသင်္ကန်း တော်များ လှည့်လည် ပူဇော်ခံကာ ဘုရား လေးဆူနှင့် ပတ္တမြား မျက်ရှင် ဘုရားတို့အား ၀ါဆို ရွှေကြာသင်္ကန်း ကပ်လှူခြင်းကို လည်းကောင်း၊ နံနက် ၉ နာရီခွဲတွင် ၀ါတွင်းသီလ ခံယူပွဲနှင့် မွန်းလွဲ ၁၂ နာရီခွဲတွင် ဓမ္မစကြာ အခါတော်နေ့ အခမ်းအနား တို့ကို ရှေးဟောင်း ဗုဒ္ဓရုပ်ပွား တော်များ တန်ဆောင်း၌ လည်းကောင်း ကျင်းပသွားမည်
Read More >> http://www.myawady.net.mm/








0 comments:
Post a Comment