Sunday, September 1, 2013

လူကိုယူပါဘုရားကိုချမ်းသာပေးပါ

ကမ္ဘာဂြိုလ်နှင့် အနီးဆုံးဂူဗိမာန် shared Wira Thu's photo.
“လူကိုယူပါ ဘုရားကိုချမ်းသာပေးပါ  

^^^^^^^^^^^^^^^^^^^
ရန်ကုန်တိုင်း၊ သံလျင်မြို့၊ သိပ္ပံလမ်းမှာနေသည့် ဗမာမိန်းကလေးတစ်ယောက်။ အမည်က(……)၊ အသက်(…..) နှစ်။ ဘွဲ့ရပြီးသူ
သူမအလုပ်လုပ်သည့်ဆိုင်ရှင် အိမ်အမှတ်(၁၄)၊ သီရိလမ်းမှ ဦးဝင်းမောင်+ဒေါ်သန်းသန်းဝင်း၏သား အောင်ကျော်ထွန်းနှင့် လက်ထပ်ယူကြသည်။ မယူခင် လွတ်လပ်စွာကိုးကွယ်ကြဖို့ ကတိပေးခဲ့ကြသော်လည်း ရက်ပိုင်းအတွင်း အောင်ကျော်ထွန်း သဘောထားပြောင်းလဲလာခဲ့။
နှစ်ဖက်မိဘများအိမ်မှာ မနေကြဘဲ အိမ်ငှားနေကြခြင်း၏ ရည်ရွယ်ချက်က ဘာသာရေးလွတ်လပ်မှု ရှိစေချင်၍ ဖြစ်သော်လည်း အစ္စလာမ်ဘာသာထဲ ဝင်ရမည်ဟု အောင်ကျော်ထွန်းက ဆိုလာသည်။ ဗလီတက်ပြီး ပြန်လာချိန်မှ စဖောက်ခြင်းဖြစ်သည်ဟု မိန်းကလေးက ဆိုလာသည်။
မိန်းကလေးက မကူးပြောင်းသည့်အခါ အောင်ကျော်ထွန်းက ပညာစပြတော့သည်။ ဈေးဖိုးလုံးဝ မပေးတော့။ ဟင်းချက်စရာမရှိ၍ ထမင်းမချက်ဘဲ ကောင်မလေးက သူမ မိဘများအိမ် လိုက်စားဖို့ အောင်ကျော်ထွန်းကို ခေါ်သွားသည်။ ဘုရားစင်မြင်လျှင် စားမရ-သောက်မရဟုဆိုကာ ထမင်းလည်းမစားနိုင်၊ ရေလည်းမသောက်နိုင် ဖြစ်ခဲ့သူက အောင်ကျော်ထွန်း။
ဤသို့ဖြင့် လင်မယားနှစ်ယောက်လုံး သူ့အိမ်သူပြန်စား၊ ကိုယ့်အိမ်ကိုယ်ပြန်စားစနစ်ဖြင့် ဆက်လက်ပေါင်းသင်း နေထိုင်ကြလေ၏။
မကြာလိုက်ပါ အောင်ကျော်ထွန်းက ကိုယ်ထိလက်ရောက် နှိပ်စက်ညှဉ်းပန်းမှု ပြုလာတော့သည်။ မဝင်လျှင် ကွာရှင်းပေးရမည်ဟု အောင်ကျော်ထွန်းက တောင်းဆိုလာသည်။ ကောင်မလေးက "ခုယူ ခုကွဲ မလုပ်နိုင်" အရှက်တရားဖြင့် ရပ်တည်ရသောမိန်းကလေးတစ်ယောက်ဖြစ်၍ ချက်ခြင်းကြီး မကွာရှင်းနိုင်ဟု ငြင်းဆိုလိုက်သည့် အခါ အောင်ကျော်ထွန်းက ရှေ့နေခေါ်လာပြီး လက်မှတ်ထိုး ကွာရှင်းခိုင်းတော့၏။ ကောင်မလေးဘက်မှ အသိသက်သေမရှိသည့်အခါ ဆိုင်ကယ် ကယ်ရီသမားကို လက်မှတ်ထိုးခိုင်းကြလေသည်။
15.8.2013 ရက်နေ့မှာ လက်မှတ်ထိုးကွာရှင်းပေးပြီးသည့်အခါ ကောင်မလေးက ညှဉ်းပန်းနှိပ်စက်ပြီး ဘာသာသိမ်းသွင်းမှုဖြင့် တရားစွဲလိုက်၏။ ရဲစခန်းက တရားရုံးကို ဦးတိုက် လျှောက်ခိုင်း၏။ တရားရုံးက လက်ခံပြီး ရဲကိုပင် ပြန်စစ်ဆေးခိုင်း၏။ ယခုလ (၆) ရက်နေ့ (6.9.2013) မှာ တရားခွင်မှာ စတင်စစ်ဆေးမည် ဖြစ်သည်။
အောင်ကျော်ထွန်း(ခ) ဘစ်တာ ကလည်း ပြန်တိုက်သည်။ မီးရှို့မည်၊ အကြမ်းဖက်မည်ဟု ခြိမ်းခြောက်သည်ဟု ကောင်မလေး၏ မိဘများကို ပြန်တရားစွဲခြင်း ဖြစ်၏။
သူတို့ဇာတ်လမ်းလေးက သိပ်မကြာလိုက်
3.7.2013 မှာ မန္တလေးသို့ ခိုးပြေးကြသည်။
6.7.2013 မှာ ပြန်ရောက်သည်။
15.8.2013 မှာ ကွာရှင်းသည်။
6.9.2013 မှာ တရားရုံးချိန်းသည်။
ဤမျှသာ ဖြစ်ပါ၏။
သူတို့နှစ်ယောက်သည် တိုက်အမှတ် (၆)၊ အခန်း (၄)၊ အောင်နိမိတ်လမ်း၊ အောင်မင်္ဂလာရပ်ကွက်မှာ အိမ်ငှားနေထိုင်ကြပြီးမှ ကွာရှင်းခဲ့ကြခြင်းဖြစ်ရာ အိမ်ရှင်များက မိန်းကလေးဘက်မှ သက်သေလိုက်ပေးကြမည် ဆို၏။
အောင်ကျော်ထွန်း(ခ) ဘစ်တာက ပထမ-အေးအေးဆေးဆေး သိမ်းသွင်း၏။ ဒုတိယ-အကြမ်းဖက်လာ၏။ တတိယ- ဓားကြိမ်းကြိမ်းလာ၏။
မိန်းမယူထားပြီး မိန်းမကို ဘာသာသိမ်းသွင်းနိုင်မှ ငါ့အသိုင်းအဝိုင်းမှ လက်မထောင်နိုင်မှာ။ မသိမ်းသွင်းနိုင်ရင် မျက်နှာငယ်ရတယ်။ ဘာသာခြားမိန်းကလေးတွေကို လက်ထပ်ယူပြီးရင် ဘာသာသိမ်းသွင်းရတာဟာ အစ္စလာမ်ရဲ့ တာဝန်ပဲ ဟု အောင်ကျော်ထွန်း(ခ)ဘစ်တာက အမြဲပြောသည်ဆို၏။
ယခုတော့ ဘာသာမတူ၍ အိမ်သူမဖြစ်နိုင်တော့။ တစ်ခြားမည်သည့်အကြောင်းမျှ မရှိဘဲ၊ ချစ်သူနှစ်ဦး လမ်းခွဲလိုက်ကြ၏။
ဘာသာက အဓိကလား၊ လူကအဓိကလား….?
ဘာသာကိုချစ်တာလား၊ လူကိုချစ်တာလား….?
ဘာသာကိုယူတာလား၊ လူကိုယူတာလား…..?
ဘာသာကိုလိုချင်တာလား၊ လူကိုလိုချင်တာလား….?
အားနွဲ့သည့် လူများစုကို လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးကြပါဗျာဟု ဗျိုး….ဟစ်လိုက်ချင်တော့၏။
လူကိုယူပါ၊ ဘုရားကိုချမ်းသာပေးပါ မစ္စတာကုလားတို့ရာ- ဟုတ်ဘူးလား….?။
အကြောင်းစုံသိလိုက-ဦးပညာဓဇ=09-421007251 သို့ဆက်သွယ်ပြီး၊ ကောင်မလေးနှင့် တိုက်ရိုက် ပြောနိုင်ပါသည်။

Thursday, August 29, 2013

တိုင်းရင်းသားတပ်ဖွဲ့များအား

တိုင်းရင်းသားတပ်ဖွဲ့များအား အပြတ်ရှင်းလင်းပစ်ရန် တိုင်းရုံးအား ကာ/ချုပ် ညွှန်ကြား





သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းရုံးတွင် ပြုလုပ်သော ၄ လပတ် အစည်းအဝေးသို့ လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့များ အားလုံးအားရှင်းလင်းပစ်ရန် ကာကွယ်ရေး ဦးစီး ချုပ်ကြီး၏ ညွှန်ကြားစာကို တိုင်းမှူး ကဖတ်ပြသည်ဟု ပြောက်ကျားထွက်လာသော စာရွက်စာတမ်းများက ဆိုပါသည်။

ရမခ တိုင်းရုံး၌ ပဌမ ၄ လပတ် အစည်း အဝေးကျင်းပစဉ်က စစ်တိုင်းမှူးဗိုလ်မှူးချုပ်အောင်စိုးက - http://www.myanmardailynews.org/2013/08/mmsoilder_29.html

Saturday, August 24, 2013

နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ကိုယ်ရေးအကျဉ်း

နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ကိုယ်ရေးအကျဉ်း

နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ကိုယ်ရေးအကျဉ်း
*******************************

အဆင့်/အမည် သမ္မတ ဦးသိန်းစိန်

မွေးသက္ကရာဇ် ၂၀-၀၄၊ ၁၉၄၅

လူမျိုး/ဘာသာ ဗမာ/ဗုဒ္ဓ

မွေးဖွားရာဇာတိ ဧရာဝတီတိုင်း ငပုတောမြို့နယ် ကြူကုန်းကျေးရွာ

ဇနီးအမည် ဒေါ်ခင်ခင်ဝင်း ရင်သွေး ၃ ဦး

ကိုယ်ပိုင်နံပါတ် ကြည်း၊၁၁၂၅၂၊

မေမြို့စစ်တက္ကသိုလ် အပတ်စဉ် ၉ ကျောင်းဆင်း

စစ်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရ

စစ်တက္ကသိုလ်ကျောင်းဆင်းပြီးနောက် ရှမ်းသေနတ်ကိုင်တပ်ရင်း အမှတ် ၁ တွင် ဒုဗိုလ်အဖြစ် စတင် တာဝန်ထမ်းဆောင်

၁၉၈၆ ခုနှစ် ဗိုလ်မှူးကြီး တာဝန် (အရှေ့ပိုင်းတိုင်း စစ်ဒေသ၏ အမှတ် ၂ မဟာဗျူဟာ စစ်ဒေသမှူး)

၁၉၈၈ ခုနှစ် စစ်ကိုင်းတိုင်း ကလေးမြို့ ခြေလျှင် တပ်ရင်းမှူး တာဝန်မှ စစ်ရုံးသို့ ပြောင်း ရွှေ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကိုယ်ရေး အရာရှိတာဝန်

၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ကကကြည်း စစ်ဦးစီး ဗိုလ်မှူးကြီးနှင့် စစ်ဆင်ရေးကွပ်ကဲရေးမှူး တာဝန်

၁၉၉၂ ခုနှစ်တွင် ရန်ကုန်စစ်ရုံးချုပ်၏ စစ်ဦးစီးဌာနတွင် အထွေထွေစစ်ဦးစီး ဗိုလ်မှူးကြီး (ကြည်း)တာဝန်

၁၉၉၄ ခုနှစ် ဒကစ(ကျိုင်းတုံ) ဒေသကွပ်ကဲရေးမှူး (ဗိုလ်မှူးကြီး)

၁၉၉၄ ခုနှစ် ပဝတ (ကျိုင်းတုံ) ဥက္ကဌ (ဗိုလ်မှူးကြီး)

၁၉၉၅ ခုနှစ် ဗိုလ်မှူးချုပ်

၁၉၉၆ ခုနှစ် တြိဂံတိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်

၁၉၉၇ ခုနှစ် နိုဝင်ဘာတွင် နအဖအဖွဲ့ဝင်အဖြစ် ခန့်အပ်ခံရ။

၁၉၉၈ ခုနှစ် ဗိုလ်ချုပ်တာဝန်

၂၀၀၁ ခုနှစ် (၁၉၉၆ ခုနှစ်မှစတင်) တြိဂံတိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်

၂၀၀၂ ခုနှစ် စစ်ရေးချုပ်

၂၀၀၃ ခုနှစ် ဒုတိယဗိုလ်ချုပ်ကြီးရာထူးနှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ အတွင်းရေးမှူး (၂)

၂၀၀၄ ခုနှစ် စစ်ကောင်စီ၏ အတွင်းရေးမှူး (၁) တာဝန်

၂ဝဝ၅ ခုနှစ် ဗိုလ်ချုပ်ကြီး (စစ်ဘက်ဆိုင်ရာ ရာထူးတိုးမြှင့်)

၂၀၀၇ ခုနှစ် ဧပြီ ယာယီဝန်ကြီးချုပ်တာဝန်

၂၀၀၇ ခုနှစ် အောက်တိုဘာ တရားဝင် ဝန်ကြီးချုပ်တာဝန်

၂၀၀၈ ခုနှစ် အမျိုးသားသဘာဝဘေးအန္တရယ် ကာကွယ်ရေးဗဟိုကော်မတီ ဥက္ကဌ

၂၀၁၀ ခုနှစ် ဧပြီ စစ်ဘက်ရာထူး ဗိုလ်ချုပ်ကြီးအဖြစ်မှ နုတ်ထွက် (ကြံ့ဖွံ့ပါတီ ဥက္ကဋ္ဌ)

၂၀၁၀ ခုနှစ် နိုဝင်ဘာ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ကြံ့ဖွံ့ပါတီ ပြည်သူ့လွှတ်တော်အမတ်အဖြစ် အရွေးခံ

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၄ ရက် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်

သမ္မတ ဦးသိန်းစိန် ကိုယ်ရေး အကျဉ်း

ဦးသိန်းစိန်သည် ၁၉၄၅ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် ဧရာဝတီတိုင်း ကျောင်းကုန်းမြို့တွင် မွေးဖွားခဲ့ ပြီး စစ်တက္ကသိုလ် အပတ်စဉ် ၉ ကျောင်းဆင်း ဖြစ်သည်။

၁၉၈၈ ခုနှစ် ၀န်းကျင်က စစ်ကိုင်းတိုင်း ကလေးမြို့ရှိ ခြေလျှင် တပ်ရင်းတွင် တပ်ရင်းမှူး တာဝန် ယူခဲ့ပြီးနောက် စစ်ရုံးသို့ ပြောင်း ရွှေ့ကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကိုယ်ရေး အရာရှိအဖြစ် တာဝန် ယူ ခဲ့သည်။ ထိုကြောင့် ရုံးလုပ်ငန်းနှင့် အုပ်ချုပ်ရေး ဘက်တွင် ကျွမ်းကျင်သည်ဟု နီးစပ်သူများက ဆိုသည်။

စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ်များ ဖွင့်လှစ်သည့် အခါ မှော်ဘီမြို့နယ် ဖူးကြီး အခြေစိုက် စကခ (၄) တွင် တပ်မမှူး ဖြစ်လာခဲ့ပြီး နောက် ၁၉၉၆ ခုနှစ်မှ ၂၀၀၁ခုနှစ်အထိ တြိဂံတိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်ယူခဲ့သည်။

ဦးသိန်းစိန်သည် စစ်တပ် အတွင်းတွင် ထိုင်းနိုင်ငံ မုန်းတီးရေး သမားတဦးအဖြစ် လူသိများပြီး ၎င်း တြိဂံတိုင်း တိုင်းမှူးအဖြစ် တာဝန် ယူနေစဉ်အတွင်း ထိုင်း- မြန်မာနယ်စပ် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

န၀တ စစ်ကောင်စီ၏ အတွင်းရေးမှူး (၂) ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး ရဟတ်ယာဉ် ပျက်ကျ သေဆုံးပြီး နောက် ဦးသိန်းစိန်သည် စစ်ရေးချုပ် ဖြစ်လာသည်။

၂၀၀၄ ခုနှစ် စစ်ကောင်စီ၏ အတွင်းရေးမှူး (၁) ဒု ဗိုလ်ချုပ်ကြီး စိုးဝင်းက ၀န်ကြီးချုပ်အဖြစ် ပြောင်းလဲ တာဝန်ယူရသည့် အခါ စစ်ကောင်စီ၏ အတွင်းရေးမှူး (၁) နေရာကို ဦးသိန်းစိန်က ဆက်လက် တာဝန်ယူခဲ့သည်။

ထို့နောက် နိုင်ငံတော် ၀န်ကြီးချုပ် ဒု ဗိုလ်ချုပ်ကြီး စိုးဝင်း ကျန်းမာရေး ချို့ယွင်းလာသည့် အတွက် ၂၀၀၇ခုနှစ် ဧပြီလတွင် ဦးသိန်းစိန်က ယာယီဝန်ကြီးချုပ်ဖြစ်လာပြီး ထို နှစ် အောက်တိုဘာလတွင် တရားဝင် ၀န်ကြီးချုပ်ဖြစ်လာခဲ့သည်။

အတွင်းရေးမှူး (၁) နေရာကိုမူ ယခု ဒု သမ္မတဖြစ်လာသည့် စစ်ထောက်ချုပ် ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ တင်အောင်မြင့်ဦးကို လွှဲပြောင်းပေးခဲ့သည်။

ဝန်ကြီးချုပ်အဖြစ်ဖြင့် နိုင်ငံတကာ မျက်နှာစာတွင် အာဆီယံ အစည်းအဝေးများ၊ တောင်အာရှ နိုင်ငံများ၊ တရုတ် ၊ ဂျပန်နှင့် အမေရိကန် နိုင်ငံများသို့ သွားရောက်ခဲ့သည်။

၂၀၀၉ခုနှစ် မတ်လအတွင်း သွားရောက်ခဲ့သည့် စင်ကာပူနိုင်ငံ ခရီးစဉ်တွင် စင်ကာပူနိုင်ငံက သစ်ခွတမျိုးကို ဒမ်ဒရိုဗီယမ် သိန်းစိန် ဟု အမည်ပေး ဂုဏ်ပြခြင်းခံရသည်။

၂၀၁၀ ခုနှစ် ဧပြီ တွင် ရွေးကောက်ပွဲဝင်ရန်အတွက် စစ်ဘက်ရာထူး ဗိုလ်ချုပ်ကြီး အဖြစ်မှ နုတ်ထွက်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံဖြိုးရေး ပါတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သည်။

ထို့နောက် ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပသည့် ရွေးကောက်ပွဲတွင် ဦးသိန်းစိန် ဦးဆောင် သည့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံဖြိုးရေး ပါတီက မဲအများစုဖြင့် အနိုင်ရခဲ့ပြီးနောက် ယခု သမ္မတဖြစ်လာခဲ့သည်။

Photo    Photo: >>>>>>နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဇနီး ဒေါ်ခင်ခင်ဝင်း<<<<<<<< Photo: နိုင်ငံတော်သမ္မတ သမ္မတကြီး ဦးသိန်းစိန်          
Photo  Photo: >>>>>>>>HAPPY BIRTHDAY OUR PRESIDENT<<<<<<<<<<  Photo: Happy Birthday! Our Father!
Photo Photo    Photo
Photo    Photo
Photo

Sunday, July 21, 2013

မိုင်းဖုန်းဆရာတော်

မိုင်းဖုန်းဆရာတော် တရားဟောရန်အတွက် ခေတ္တ ဂူုထွက်လာ

သတင်းရက်စွဲ: Sunday, July 21, 2013 // , ,
မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဥာဏသံဝရသည် (၃)နှစ် ကာလတိုင်တိုင် ဂူပိတ် တရားကျင့်ကြံပြီး ယခုအခါမှာ တရားဟောရန်အတွက် ဇူလိုင်လ(၁၉)ရက်နေ့က ခေတ္တဂူထွက်လာကြောင်း သိရသည်။

ဆရာတော်သည်   ဂူပိတ် တရားကျင့်ကြံနေသည်ဖြစ်တာကြောင့် ဆံတော်များနှင့် မုတ်ဆိတ်၊ နှုတ်ခမ်းမွှေးများ ရှည်လျားနေလျှက်ရှိသည်ကို တွေ့ရပြီး ဂူကထွက်လာအပြီးမှာတော့ ဆံတော်များ ရိတ်ပယ်ထားသည်ကို တွေ့ရှိရသည်။


{ ဂူမှ ထွက်လာချိန်}

ဆရာတော်သည် ဂူပိတ်တရားကျင့်နေစဉ်အတွင်း သစ်သီးဆွမ်းသာ ဘုန်းပေးကြောင်း နှင့် ဇူလိုင်(၂၂)ရက်နေ့မှာ ၀ါဆိုကာ ဂူပိတ်တရားပြန်လည်ကျင့်ကြံမှာ ဖြစ်ကြောင်း သိရသည်။
{ ဂူမှ ထွက်လာချိန်}

"ဆရာတော်က ၀ါဆိုပြီးရင် ဂူပိတ်တရားပြန်ကျင့်မှာပါ၊ ဆရာတော်ရဲ့ မွေးနေ့ဖြစ်တဲ့ သက်တော်(၅၀)ပြည့် ၂၀၁၄ခုနှစ် ၁လပိုင်း ၅ရက်နေ့လောက်မှာ ဂူပြန်ထွက်မယ်လို့ သိရပါတယ်"ဟု ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ဆရာတော်အား သွားရောက်ဖူးမျှော်သူမှ ပြောကြားလာသည်။
{ ဆံတော် ရိတ်ပယ်ထားချိန်}
ဆရာတော်အား ဖူးမျှော်ရန်နှင့် တရားနာယူနိုင်ရန်အတွက် မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားများ၊ တာချီလိတ်မြို့နယ်မှ တိုင်းရင်းသားများ အပါအ၀င် ထိုင်းနိုင်ငံ ဘက်မှ ဆရာတော်အား ကြည်ညိုကြသူများသည် ဆရာတော်ရှိရာ သွားရောက် ဖူးမျှော်ကြသည်မှာ လူဦးရေ ထောင် သောင်းမက ရှိကြောင်း သိရသည်။

 { ဆရာတော်အား ဖူးမျှော်ရန် နှင့် တရားနာရန် ရောက်ရှိလာကြသူများ }

ဆရာတော်အား မူလ သီတင်းသုံးရာ ကျောင်းဖြစ်သော ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းဖုန်းဒေသသို့  နိုင်ငံတော်မှ ပြန်လည် ပင့်ဆောင်ခွင့်ပြုချက်အရ ပြန်လည် ပင့်ဆောင် နိုင်ရန်အတွက် ဖေဖော်ဝါရီလ(၂၇)ရက်နေ့က ကျောင်းဂေါပကများ နှင့် ရှမ်းတိုင်းရင်းသားများက
ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။

{တရားတော် ဟောကြားနေစဉ်}
 { ဆရာတော်အား ဖူးမျှော်ရန် နှင့် တရားနာရန် ရောက်ရှိလာကြသူများ }

"ဆရာတော် ဂူထဲမှာ တရားကျင့်နေချိန် မိုင်းဖုန်းပြန်ကြွဖို့ လျှောက်တိုင်း လျှောက်တိုင်း ဆရာတော်က ပြန်ကြွမယ်၊ ပြန်မကြွဘူးလို့လည်း မဟုတ်ဘူး၊ သာဓု.. သာဓု.. သာဓု လို့ပဲ မိန့်ပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ကတော့ မိုင်းဖုန်းကို ပြန်ကြွမယ်လို့ မျှော်လင့်နေလျှက်ပါ"ဟု ဆရာတော်အား အနီးကပ် ဆည်းကပ်ကိုးကွယ်ခဲ့သူ ရှမ်းတိုင်းရင်းသား တစ်ဦးမှ ပြောကြားလာသည်။

မိုင်းဖုန်းဆရာတော်သည် ငယ်စဉ်ကတည်းက တရားဓမ္မ ကျင့်ကြံ ပွားများအားထုတ်ခြင်း၊ အကျင့်သီလ မြဲမြံမှုရှိခြင်း၊ စေတီပုထိုးများစွာ တည်ထား၍ သာသနာပြုခြင်း တို့ကြောင့် မြန်မာပြည်မှ တိုင်းရင်းသားများ ရှမ်းတိုင်းရင်းသားများအပြင် ထိုင်းနိုင်ငံမှလည်း ကြည်ညိုကိုးကွယ်သူများ များပြားကြောင်း သိရှိရသည်။
Photo Thank : Kitti Sara Facebook | Ponthip Yangjang Facebook

ရယ်စရာ


မွေးမေကျေးဇူး


ရွှေတိဂုံ စေတီတော်

ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့မှ ကြီးမှူး ကျင်းပမည့် ရွှေတိဂုံ စေတီတော်၏ ၁၃၇၅ ခုနှစ် ၀ါဆို ရွှေကြာသင်္ကန်း ကပ်လှူ ပူဇော်ပွဲ၊ ၀ါတွင်းသီလ ခံယူပွဲနှင့် ဓမ္မစကြာ အခါတော်နေ့ အခမ်းအနား များကို ဇူလိုင် ၂၂ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
ဝါတွင်း ကာလတွင် နေ့ထူးနေ့မြတ် အခါတော်နေ့ အခမ်းအနား များနှင့် ရိုးရာ ယဉ်ကျေးမှု ပွဲတော်များ ကျင်းပသွားမည်

ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့မှ ကြီးမှူး ကျင်းပမည့် ရွှေတိဂုံ စေတီတော်၏ ၁၃၇၅ ခုနှစ် ၀ါဆို ရွှေကြာသင်္ကန်း ကပ်လှူ ပူဇော်ပွဲ၊ ၀ါတွင်းသီလ ခံယူပွဲနှင့် ဓမ္မစကြာ အခါတော်နေ့ အခမ်းအနား များကို ဇူလိုင် ၂၂ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါနေ့ နံနက် ၅ နာရီတွင် ရွှေတိဂုံ စေတီတော် ကြီးကို ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်းနှင့် သစ်သီးဆွမ်း ဆက်ကပ်ခြင်းကို ရင်ပြင်တော် တောင်ဘက်မုခ်ရှိ ဧည့်ခံ တန်ဆောင်း၌ လည်းကောင်း၊ နံနက် ၆ နာရီတွင် ဂေါပက အဖွဲ့ဝင်များ ဦးဆောင်၍ ဘာသာရေး အသင်း အဖွဲ့ဝင်များ၊ ၀န်ထမ်းများ စုစည်း ပါဝင်လျက် အခမ်းအနား အဆောင်အယောင် များဖြင့် ၀ါဆို ရွှေကြာသင်္ကန်း တော်များ လှည့်လည် ပူဇော်ခံကာ ဘုရား လေးဆူနှင့် ပတ္တမြား မျက်ရှင် ဘုရားတို့အား ၀ါဆို ရွှေကြာသင်္ကန်း ကပ်လှူခြင်းကို လည်းကောင်း၊ နံနက် ၉ နာရီခွဲတွင် ၀ါတွင်းသီလ ခံယူပွဲနှင့် မွန်းလွဲ ၁၂ နာရီခွဲတွင် ဓမ္မစကြာ အခါတော်နေ့ အခမ်းအနား တို့ကို ရှေးဟောင်း ဗုဒ္ဓရုပ်ပွား တော်များ တန်ဆောင်း၌ လည်းကောင်း ကျင်းပသွားမည်

Read More >> http://www.myawady.net.mm/allnews/local/item/20061-2013-07-20-18-11-46